Monday, November 27, 2017

💘 ရင့်ကျက်တဲ့ စုံတွဲတွေဆိုတာ💘

ရင့်ကျက်တဲ့ စုံတွဲတွေက
ပြသနာ ဖြစ်ရင် တရားခံ မရှာဘူး အဖြေပဲရှာတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
Facebook password မတောင်းဘူး ယုံကြည်မှုပဲ တောင်းတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
အတိတ် အကြောင်း မပြောဘူး အနာဂတ်အကြောင်းပဲ ပြောတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
အခွင့်အရေး ယူဖို့ မကြိုးစားဘူး တာဝန်ယူဖို့ပဲ ကြိုးစားတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
ခံစားမှုနောက်ကို မလိုက်ဘူး ရည်မှန်းချက်နောက်ကိုပဲ လိုက်တယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
စိတ်ကူးယဉ် မဆန်ဘူး လက်တွေ့ပဲ ဆန်တယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
"ငါ" ဆိုတဲ့ စကားကို မသုံးဘူး "ငါတို့" "ချစ်တို့" ဆိုတဲ့ စကားကိုပဲ သုံးတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
တစ်ယောက်ကို တစ်ယောက် တန်ဖိုးမဖြတ်ဘူး တစ်ယောက်ကို တစ်ယောက် တန်ဖိုးပဲထားတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
ပတ်ဝန်းကျင်မှာ ပေါ်ပြူလာဖြစ်ဖို့ မကြိုးစားဘူး ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်ဖို့ပဲ ကြိုးစားတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
မာန်မာနတရား တွေကို ရှေ့တန်းမတင်ဘူး နားလည်မှုတရားတွေကိုပဲ ရှေ့တန်းတင်တယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဦးစားမပေးဘူး သူ့ရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
တဒင်္ဂတာကို မကြည့်ဘူး တဘဝတာကိုပဲ ကြည့်တယ်...

ရင့်ကျက်တဲ့ စုံတွဲတွေက
ဘေးပယောဂကြောင့် လက်တွဲမပြုတ်ဘူး သေခြင်းတရားကြောင့်ပဲ လက်တွဲပြုတ်တယ်...

Credit Original Uploader

No comments:

Post a Comment