Wednesday, November 29, 2017

💘သူငယ်​ချင်း. ..မင်းမှာသာ ​ငွေရှိရင်​​လေ💘



စကား​ပြော​သော​ငွေ
.....................................

သူငယ်​ချင်း...မင်းမှာ​ငွေမရှိဘူးဆိုရင်​​လေ
မုန့်​ဟင်းခါးသည်​​တောင်​ ၊
အဖက်​လုပ်​မယ်​မထင်​နဲ့ ။

သူငယ်​ချင်း. ..မင်းမှာသာ ​ငွေရှိရင်​​လေ ၊
5 star ​ဟော်​တယ်​ကြီး​တွေမှာ​တောင်​ ၊ မင်း​​ခြေ​တောင်​ မချရ​သေးဘူး ၊ကားတံခါးလာဖွင့်​သူ
ထီးမိုး​ပေးသူ ၊​တွေကအဆင်​သင့်​ ၊လှပျိုဖြူ​လေး
တွေကလည်း ခါး​လေးညွတ်​ပြီး မင်္ဂလာပါလို့ ယဉ်​​ကျေးပျူငှါစွာ ခရီးဦးကြိုဆိုကြလိမ့်​မယ်​ ။

သူငယ်​ချင်း..မင်းမှာသာ​ငွေမရှိရင်​​လေ
အသည်းအသန်​​နေမ​ကောင်းဖြစ်​လို့​ဆေးရုံတက်​ကြည့်​ ၊ ဟိုလူ​ဟောက်​ ဒီလူ​ဟောက်​နဲ့ ၊ဂိတ်​​စောင့်​​တောင်​​ကြောက်​ရတယ်​ ။
စမ်းသပ်​ဖို့ဆို​ဝေလာ​ဝေး စ​ပေါ်ပါလားလို့ အရင်​​မေးကြတယ်​ ။ အသက်​ကို အ​ပေါင်​ထားလို့ ရမယ်​ထင်​သလား ။

သူငယ်​ချင်း...မင်းမှာသာ​ငွေရှိရင်​​လေ ၊
ဂိတ်​​စောင့်​ ကအစအရိုအ​သေ​ပေး ၊ အားလုံးပျာပျာသလဲနဲ့ ၊ ငါးမိနစ်​တစ်​ခါ လာစမ်း
သပ်​လိမ့်​မယ်​ ။ ​ဆေးရုံအုပ်​နဲ့​တွေ့ချင်​​သေးလားအားလုံး Ok

သူငယ်​ချင်း...မင်းမှာသာ​ငွေမရှိရင်​​လေ
ယူထားတဲ့မိန်းမက​တောင်​ ၊ပြန်​အမ်းချင်​တယ်
လို့​အော်​​နေလိမ့်​မယ်​ ။
ယောက္ခမကမကြည်​ဖြူ ၊ မ​ထေမဲ့မြင်​စကား​ပြောသူ့သမီးနဲ့ မြန်​မြန်​ကွဲပါ​စေလို့ ၊ဆု​တောင်း​နေဦးမှာ

သူငယ်​ချင်း...မင်းမှာသာ​ငွေရှိရင်​​လေ
ရွှေသမက်​ ၊​ငွေသမက်​ ၊​ယောက္ခမကြီးကမျက်​နှာချိုမယ်​ ၊မင်းမိန်းမကအကြင်​နာပိုလိမ့်​မယ်​ ။

သူငယ်​ချင်း...မင်းမှာသာ​ငွေမရှိရင်​​လေ
မိတ်​​ဆွေအ​ပေါင်းသင်း​တွေကလည်း ၊ ​ပေးကမ်းရနိုးနဲ့ မင်းလာတဲ့လမ်း ၊​ရှောင်​လွှဲလို့​တောင်​သွားကြမယ်​ ။

သူငယ်​ချင်း. . .မင်းမှာသာ​ငွေရှိရင်​​လေ
မင်းသွား​လေရာမျက်​နှာပွင့်​ပြီး ၊ ချစ်​ခင်​သူလည်း​ပေါလိမ့်​မယ်​ ။

သူငယ်​ချင်း...​နေရာတကာ ​ငွေကစကား​ပြောလွန်းပါတယ်​ ။ငွေရှိမှလူရာဝင်​တယ်​ ။ လူရာဝင်​​စေဖို့ စကား​ပြောတဲ့ပါးစပ်​​တွေပိတ်​သွားဖို့ မင်း​ငွေကို ရ​အောင်​ရှာပါသမာအာဇီဝ ကျဖို့​တော့လိုတယ်​သူငယ်​ချင်း ။

တစ်​ကယ်​တမ်း​တွေးကြည့်​ရင်​ ဟာသကြီးပါ
ငွေဆိုတာလူကလုပ်​တာ ၊​ငွေဆိုတာလူကဖန်​တီးတာ ၊ ခု​တော့​ငွေကလူကိုပြန်​ဖန်​တီး​နေတယ်​ ၊
မင်း အညံ့မခံနဲ့သူငယ်​ချင်း ။

လောကမှာ ​ငွေကဖန်​ဆင်းရှင်​အစစ်​မဟုတ်​ဘူး
ငွေနဲ့ဖန်​တီးလို့မရ ၊ဝယ်​ယူလို့မရတာ​တွေလည်းရှိ​သေးတယ်​ ။ကျမ္မာ​ရေး ၊အသိပညာ အတတ်​ပညာ ၊ ​မေတ္တာတရား စသည်​ဖြင့်​​ပေါ့...

မင်း​ငွေ​ကြေးချမ်းသာလာ​လေ မိတ်​​ဆွေစစ်​ရှားသွား​လေ ။မင်း​ငွေ​ကြေးချမ်းသာလာ​လေ ​မေတ္တာစစ်​နဲ့ချစ်​တဲ့သူ ရှာဖို့ခက်​​လေ ။

မင်း​ငွေ​ကြေးချမ်းသာ​လေ ၊အရာရာ​ငွေနဲ့​လွယ်​လွယ်​ကူကူ​ဖြေရှင်းတတ်​​လေ ၊ကိုယ်​ပိုင်​အစွမ်းအစနည်း​လေ ။

မင်း​ငွေ​ကြေးချမ်းသာ​လေ​လေ ​ငွေကိုအားကိုး​လေကိုယ့်​အားကိုယ်​ကိုးစိတ်​မရှိ​တော့​လေ ။

မင်း​ငွေ​ကြေးချမ်းသာ​လေ ဇိမ်​ခံ​လေ ၊ အစားအ​သောက်​ အ​နေအထိုင်​မဆင်​ခြင်​​လေ ၊​ရောဂါ​ရ​လေမင်း​ငွေ​ကြေးချမ်းသာ​လေ ၊​ငွေကိုဖြုန်းနိုင်​​လေ ၊စာရိတ္တလည်းပျက်​စီး​လေ ဖြစ်​တတ်​ပါတယ်​သူငယ်​ချင်း ။

ဒါ​ကြောင့်​မင်း​ငွေကိုရ​အောင်​ရှာပါ ၊ရလာတဲ့​ငွေကိုစနစ်​တကျ သုံးစွဲ လှူတန်းပါ ။ပိုမိတိုးပွား​အောင်​လုပ်​ပါ ။ငွေ​နောက်​လိုက်​ပြီး ​ငွေရဲ့သား​ကောင်​​တော့ အဖြစ်​မခံ​လေနဲ့ ။ မင်းက​ငွေထက်​ တန်​ဖိုးရှိလို့ပါ ။

No comments:

Post a Comment