လူတစ်ယောက်နဲ့တစ်ယောက်
ချစ်ကြတဲ့အခါ
တစ်ကိုတစ်ယောက်လွှမ်းမိုးဖို့
ကြိုးစားလာကြတယ်
ပြောင်းလဲပစ်ဖို့
ကြိုးစားတတ်ကြတယ်😂
တကယ်တော့ အဲ့ဒါအချစ်မဟုတ်ပဲ
ကိုယ်အဆင်ပြေဖို့တစ်ဖက်သားရဲ့
လွတ်လပ်ခွင့်ကိုထိပါးလိုက်တဲ့ မိမိရဲ့
အတ္တတစ်ခုပဲ😌
ဒါတွေက ခေတ္တတော့ပျော်စရာကောင်းပင်မဲ့
ကြာရင်ငြီးငွေ့ပြီး ကျဉ်းကြပ်လာတတ်ကြတာလူ့သဘာဝပဲ
ကိုယ့်ကို တကယ်ချစ်တဲ့သူက
ကိုယ်ပြောစရာမလိုအောင်
ကိုယ်ချုပ်ခြယ်စရာမလိုအောင်ကို
အလိုက်သတိနေပေးတတ်ကြပါတယ်
ဘာလုပ်မှာလဲ ချုပ်ခြယ်ပြီးမှရလာတဲ့ကောင်းတဲ့အရာ
ကျွန်မဆိုရင်တော့ ယူမှာမဟုတ်ဘူး👐
ကိုယ့်စိတ်တောင်အစိုးမရတဲ့ကျွန်မတို့က
သူတစ်ပါးကိုအစိုးရချင်တယ်တဲ့လား?
ကိုယ်ဖြစ်တိုင်းဖြစ်မလာတဲ့အခါ
စိတ်ပင်ပန်းတာကိုယ်တိုင်ပဲ
အပူတွေဘာလို့ယူနေမှာလဲ
လူဆိုတာပြောင်းလဲတတ်ကြသူကြီးပဲမို့
ထွက်သွားချင်တဲ့သူကတော့
ထွက်သွားမှာပဲ
Credit

No comments:
Post a Comment