Monday, November 27, 2017

💘လင်ရှိမယား မယားရှိတဲ့ ဖွန်ရူးတွေသေချာဖတ်စေချင်💘

အိမ်ထောင်ရှင်နဲ့. ""On line အန္ဒရာယ်""
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ခေတ်ကာလ ပြောင်းလာသည့်နှင့်အမျှ အိမ်ထောင်ရေးဖောက်ပြန်မှု များသည် ပို၍ပို၍ အဖြစ်များလာသည်

ရှေးယခင် ချစ်သူရည်းထားဖို့ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ် ယခုခေတ်သမယတွင်"Online Chatting"ပြုခြင်းစသည်များ ပေါများလာသည်၊၊
ဖုန်းနဲ့လက်ညိုးထိရုံဖြစ် ရည်းစားဖြစ်သွားသည်။

အိမ်တွင်းပုန်းများ သိက္ခာရှင် အမျုးသမီးများ ယောက်ကျားတစ်ယောက်နှင့် ပြင်ပ၌ စကားပြောဖို့ကြောက်ရွံ့ သူများပင် အမျိုးသားများစွာဖြင့် "Chat Box" မှာ သာယာနေကြသည်၊၊

"Facebook "Bee" Talk "we chat"
စသည့်နေရာများ၌ အပျိုအအို အိမ်ထောင်သည် လူငယ်လူကြီး များစွာဖြင့် ပြည့်နက်နေသည်၊၊

အပျိုအအိုကဏ္ဍထက် အိမ်ထောင်သည်ယောင်္ကျားမိန်းမများသည်လည်း" Online" မိတ်ဆွေများထားရှိကြသည်၊၊

အချို့ အချို့ လည်းရှိကြတယ် မိမိအသုံးပြုခြင်းသည် ဘာသာရေး လူမှု့ရေး သတင်းဆိုင်ရာ ဗဟုသုတ များအတွက်ဖြစ်သည်၊၊

သို့သော်အချို့အိမ်ထောင်သည် အမျိုးသမီးများသည် ခင်ပွန်းသည်အိမ်မှာ မရှိခိုက် "Online"ပေါ်မှာ ယောင်္ကျားကလေးများဖြင့် ပြောဆိုရင်းနှီး ကြွမ်းဝင်ကြသည်၊၊

မိမိပုံ "phone number" စသည့် ကိုယ်ရေးအချက်များပင် ပေးပို့၍ ပျော်ရွှင်နေတတ်သည်၊၊

အချို့ ယောင်္ကျားများသည် ဘာလာလာ "down" မည်ဆိုသလို လင်မရှိမယားမှန်းသိသိရဲ့ သူတောင် ရောသေးတာပဲ ကိုယ်လဲ "Q " မှာပေါ့ စသည့် တဆင့်တဆင့် ရှေ့သို့ တိုးလာသည်၊၊

ဤကဲ့သို့ပင် အချို့အိမ်ထောင်ရှင်ယောက်ကျားများသည်လည်း "Online"ပေါ်မှ မိန်းကလေးများအား အပြင်၌ချိန်းဆိုခြင်း ချစ်ကြိုက်ပါသည့်ဟုပြောဆိုခြင်း စသည် သစ္စာဖောက်မူများကျူးလွန်ကြသည်၊၊

အချို့မိန်းကလေးများသည် ချစ်မိသည့်အခါ အိမ်ထောင်သည်ဖြစ်နေပါစေ ရယူလိုက်ကြသည်၊၊

အိမ်ထောင်ရှိအမျိုးသားသည် လူပျိုယောင်္ကျားလေးထက် အမျိုးသမီးအပေါ် သာယာမှုပိုပေးတတ်သောကြောင့် နောက်ဆုံးလွန်ကျူးမိကြသည်အခါ ကြီးမားသောပြသနာရပ်များ ပေါ်ပေါက်ကြရသည်၊၊

ဘာမှမဟုတ်ပါဘူး ဒီလောက်လည်းအဆိုးရွားလောက်ပါ အပျော်မှဆိုသည့် "Hi " တစ်လုံးမှ စတင်ကာ အိမ်ထောင်ကွဲမှုများအထိဖြစ် ဖြစ်လာတတ်သည်၊၊

စာတကြောင်း "Call" လေး တခုကြောင့် စွဲလမ်းတပ်မက်မှုများ ဖြစ်လာတတ်သည်၊၊

ကာမပိုင်ဇနီးခင်ပွန်းမဆိုး နှင့် ချစ်သူရည်းစားများသည်ပင် မိမိချစ်သူ တစိမ်းသူနှင့် ပြောဆိုဆက်ဆံနေသည်ကို
" နှလုံးသားရှိသူ အဘယ်သူလိုလားအံ့နည်း"

ဤကဲ့သို့ ကိစ္စရပ်များ ပြသနားများ ဝမ်နည်းဖွယ်ရာဖြစ်ရပ်များသည် တစစနှင့် အန်မတန်များပြားလာလျက်ရှိသည်၊၊

ထိန်းသိမ်းကြပါ အိမ်ထောင်သည်များသည် မိမိခင်ပွန်း /ဇနီး အပေါ် သစ္စာရှိပါ "Online " အသုံးပြုများအနေနှင့်
သူစိမ်းအမျိုးသား/ သမီး များနှင့် အရေးတစုံတရာမှ လွဲ၍ ပြောဆိုဆက်ဆံမှုမှ ရှောင်ပါ ၊၊

လူပျို အပျိုများသည်လည်း စည်းထားပါ
ကိုယ်ချင်းစာပါ/ ငါသာ ထိုယောင်္ကျား/ မိန်းမ၏ အမျိုးသား / အမျိုးသမီးဖြစ်ခဲ့လျှင် ဘယ်လိုနေမလဲ....?

 💁မိမိကြောင့် မိသားစု တစုမပြိုကွဲပါစေနှင့်

💁 မိမိပျော်ရွှင်မူအတွက် အခြားသူများ မျက်ရည်မကျပါစေနှင့်

💁 မိမိနှလုံးသားရေးအတွက် အခြားသူနှလုံးသားနဲ့ ဘဝများစွာ အပျက်မခံပါနှင့်

  👪  ပျော်ရွှင်သာယာသော အိမ်ထောင်ရေးများ ပိုင်ဆိုင်နိုင်ကြပါစေ........👪

No comments:

Post a Comment