သင်ဟာ အင်္ဂါ သားသမီးနဲ့ ချစ်သူဖြစ်နေပီဆိုရင် ဂုဏ်ယူလိုက်ပါတော့။ သူတို့ကို လက်လွှတ် ဆုံးရှုံးမခံပါနဲ့။
အင်္ဂါသားသမီးတွေဟာ များသောအားဖြင့် စိတ်သဘောထား ပြည့်ဝကြတယ်😜 စိတ်ထားကောင်းကြတယ်။ အင်္ဂါသားသမီးတွေက သူ့တို့ရဲ့ချစ်သူကို ပျော်ရွှင်အောင် ထားကြတယ် သူ့ချစ်သူကို စိတ်ညစ်စေမယ့် အပြုအမူမျိုးကို လုပ်လေ့မရှိဘူး။
တကယ်လို့ သူ့ချစ်သူက အကြောင်း တစ်ခုခုကြောင့် စိတ်ညစ်နေရင်လည်း ပျော်ရွှင်လာအောင်လုပ်ပေးတတ်ကြတယ်။ ဒါကလည်း သူတို့ရဲ့ ဗီဇလို့ ပြောရမှာပေါ့😍။
အင်္ဂါသားသမီးတွေက နည်းနည်းတော့ စိတ်ကြီးကြတယ်။ သူတို့ကို မဟုတ်တာပြောရင် မကြိုက်ကြဘူး။ စတာပဲဖြစ်ဖြစ် အတည်ပြောတာပဲ ဖြစ်ဖြစ် မကြိုက်ကြဘူး။ ဒါမယ့် စိတ်တိုတဲ့ အချိန်ကလည်း နာရီဝက်တောင် မကြာဘူး။
အင်္ဂါသားသမီးတွေက အချစ်ကြီးကြတယ်။ လူတစ်ယောက်ကို ချစ်ပီဆိုရင် သူ့ရဲ့ပစ္စုပ္ပန်ကို မကြည့်ဘူး။ ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်တတ်ကြတယ်။ သူ့ချစ်သူရဲ့ အတိတ်က မကောင်းဘူး ဆိုရင်တောင် အနာဂတ်မှာ သူ့ချစ်သူကို သေချာတိုင်ပင်ပြီး ပြု ပြင်ပေးတတ်ကြတယ်။
အင်္ဂါသားသမီး အများစုကတော့ ရုပ်ရည်အားဖြင့် ရုပ်ဆိုးတဲ့သူ မရှိကြဘူး။ ရှိခဲ့ရင်လည်း နည်းတယ်။ ရုပ်ရည်အသင့်အတင့် ရှိတဲ့သူကလည်း သူ့ရဲ့ fashion နဲ့တင် ကြွေလောက်တယ်။ ရုပ်ချောပီဆိုရင်တော့ ဘယ်သူမှ လိုက်မမှီဘူး။ အင်္ဂါသားသမီးတွေက အရပ်အားဖြင့် အရမ်းလည်းမရှည်ဘူး။ အရမ်းလည်း မပုကြဘူး အနေတော်လေးနဲ့ ချစ်စရာ အရမ်းကောင်းကြတယ်။
စကားပြောတဲ့အချိန်တို့ ရယ်လိုက်တဲ့ အချိန်တွေကတော့ အင်္ဂါသားသမီးတွေရဲ့ အလှပဆုံးနဲ့ ချစ်စရာ အကောင်းဆုံး အချိန်တွေပါပဲ။
😍😍😍😍😍
credit💎ÿWå💎

No comments:
Post a Comment