KTVက ကောင်မလေးတွေ သီချင်းဆိုသံက ကျွန်မမောင့်ရင်သွေးလေးကို ချော့သိပ်တဲ့သားချော့တေးအသံထက်နားထောင်လို့ကောင်းနေပြီဆိုရင်
ရုံးကအတွင်းရေးမှူးမလေးဖျော်တိုက်တဲ့ကော်ဖီတစ်ခွက်က ကျွန်မနေ့စဉ်ပြင်ပေးတဲ့ထမင်းဝိုင်းထက်ပိုစားကောင်းသောက်ကောင်းမယ်ထင်ရင်
အိမ်ထောင်ရဲ့အိမ်တွင်းရေးတာဝန်ကို အချိန်ပြည့်ယူနေရတဲ့ ကျွန်မရဲ့ပါးကသနပ်ခါးက ကျော့ကျော့လေးနေရတဲ့ စားသောက်ဆိုင်ကမိန်းမတွေရဲ့ မိတ်ကပ်နံ့လောက်မမွှေးတော့ဖူးထင်ရင်
ရင်သွေးလေးတွေနဲ့သံယောဇဉ်ကြိုးတွေရစ်ပတ်ချည်နှောင်ထားတဲ့မိသားစုသံယောဇဉ်ကြိုးလေး
ကျွန်မရဲ့မောင်လို့ခေါ်သံ သားသားမီးမီးတို့ရဲ့ ဖေဖေခေါ်သံက မောင့်ကောင်မလေးရဲ့ဦးလို့ခေါ်သံလောက်မှမဆွဲဆောင်နိုင်တော့ဘူးထင်ရင်
ထားခဲ့ပါမောင်
ပျော်သလိုထွက်သွားလိုက်ပါ
ဒါပေမယ့် မောင်ပြန်လာတဲ့တနေ့ကျရင်တော့မိသားစုကအရင်လိုပြန်မဖြစ်နိုင်တော့့ဖူး ၁၀နှစ် ၁၀ မိုး တည်ထောင်ခဲ့တဲ့ အေးတူပူမျှဖြတ်သန်းခဲ့တဲ့ညကျွန်မတို့ရဲ့မိသားစုလေး မောင့်ရဲ့တစ်ခဏပျော်ရွှင်မှူကြောင့် မပျက်စီးပါစေနဲ့
Credit OP

No comments:
Post a Comment