၁။ မထိုက်တန်သူနဲ့အတူရှိနေတာထက်စာရင် တစ်ယောက်တည်းနေတာက ပိုကောင်းပါတယ်။
၂။ ရေရှည်ပျော်ရွှင်စရာမရှိတဲ့ခရီးတစ်ခုကို စောစောစီးစီးအဆုံးသတ်လိုက်တာ သင်မှန်ပါတယ်။
၃။ အချစ်က အရေးကြီးကောင်းကြီးမှာပါ။ ဒါပေမဲ့ သင့်ဘဝက အချစ်ထက်ပိုအရေးကြီးပါတယ်။
၎။ အတိတ်က မလှပပေမဲ့ သင်ကြိုးစားရင် အနာဂတ်တော့ သေချာပေါက်လှပနိုင်ပါတယ်။
၅။ Single ဖြစ်သွားလို့ အချစ်စစ်ထပ်မတွေ့မှာ ပူစရာမလိုပါဘူး။ တစ်ခါတလေမှာ မထိုက်တန်သူ တစ် ယောက်နဲ့လွဲတာက တကယ်ထိုက်တန်သူနဲ့ဆုံဆည်းဖို့ဖြစ်ပါတယ်။
၆။ Single ဖြစ်ပေမဲ့ သင်အထီးမကျန်ပါဘူး။ သင့်ဘေးမှာ သင့်ကိုချစ်သူတွေအများကြီး ရှိနေပါတယ်။
၇။ Single ဘဝဆိုတာ သင့်ရဲ့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ လိပ်ပြာသန့်သန့်နဲ့ ကျေနပ်သင့်ပါ တယ်။
၈။ အချစ်ရေးပြိုကွဲခဲ့ရတာ သင့်အပြစ်မဟုတ်ပါ။ လူတိုင်းမှာ မတတ်နိုင်တဲ့အကြောင်းတရားတွေ ကိုယ် စီရှိတတ်ကြပါတယ်။
၉။ တွဲတဲ့သူတိုင်းက တကယ်ချစ်တဲ့သူတွေဖြစ်လာကြတာမဟုတ်ပါဘူး။ ဒါကြောင့် မလွှဲသာလို့ လမ်းခွဲ ခဲ့ရတာကလည်း သင့်အတွက် အဆင်ပြေပါတယ်။
၁ဝ။ ပြီးဆုံးခဲ့တဲ့အချစ်ရေးဆိုတာ သင့်အနာဂတ်ကိုအကောင်းဆုံးရှေ့ဆက်နိုင်စေမယ့် သင်ခန်းစာဖြစ် တယ်။
၁၁။ မြက်ခင်းတွေက အမြဲစိမ်းလန်းနေကြတာမဟုတ်သလို အချစ်ရေးတိုင်းကလည်း အားလုံး အဆင် ပြေနေကြတာမဟုတ်ဘူးဆိုတာ လက်ခံသင့်ပါတယ်။
၁၂။ အရေးကြီးဆုံးက ဘယ်အခြေအနေ၊ အချိန်အခါရောက်ရောက် သင့်ကိုယ်သင် တန်ဖိုးထားပြီး ချစ်ဖို့ဖြစ်ပါတယ်။
စိတ်ဓာတ်ခွန်အားလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။
Credit ဂန္တဝင် မဂ္ဂဇင်းမှ

No comments:
Post a Comment