Saturday, December 2, 2017

ပုံလေးကြည့်ပြီးရိုင်းတယ်လို့မထင်လိုက်ပါနဲ့မိန်းကလေးတွေအဓိကဖတ်သင့်ပါတယ်။

အချစ်ကိုရှေ့တန်းတင်ပြီး
ဟန်ဆောင်ချစ်တတ်တဲ့ယောင်္ကျားလေးတွေ
ယောင်္ကျားပီသပါစေ

မိန်းကလေးတစ်ယောက်ကိုယ်စချစ်ပြီဆိုရင်
အချစ်ထက်ခန္ဓာကိုယ်ပိုလိုလားကြတယ်

ကောင်လေး...အရမ်းချစ်တယ်ချစ်သူ
မောင့်ကိုတစ်ကယ်ချစ်တယ်ဆိုရင်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပါနော်

ကောင်မလေး...ဟင့်အင်း မောင် ဆုကြောက်တယ်
ဆုမလိုက်လျောရဲဘူး

ကောင်လေး...ဆုရယ်မောင်ကဆုကိုတစ်ကယ်မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီးချစ်တာပါကွာ

ကောင်မလေး...ဆုအရမ်းကြောက်တယ်ဆုတို့မိန်းမသား
ဘဝတွေကတန်ဖိုးထားရဆုံးကအပျိုစင်
ဘဝပါမောင်ရယ်ဆုကိုနားလည်ပေးပါ
နော်

ကောင်လေး...ဆုမောင့်ကိုချစ်တယ်ဆိုတာ
ဘာလဲကွာ ချစ်သူတွေဖြစ်ပြီးဒီလောက်လေးတောင်
မလိုက်လျောပေးနိုင်ဘူးဆုမောင့်ကိုကော
တစ်ကယ်ချစ်ရဲ့လား( စိတ်ဆိုးလေသံဖြစ်)

ကောင်မလေး...ဘယ်လိုပြောလိုက်တာလဲ
မောင်ရယ်မောင့်ကိုဆုအရမ်းချစ်တာပေါ့
မောင်စိတ်မဆိုးပါနဲ့ဟာမောင်စိတ်ဆိုးရင်
ဆုမနေတတ်ဘူး

ကောင်လေး...မောင့်ကိုစိတ်မဆိုးစေချင်ရင်
ဘာလို့မောင့်ရဲ့ဆန္ဒကိုမလိုက်လျောတာလဲ
မောင့်ကိုချစ်တယ်ဆိုဆုမောင့်ကိုချစ်ရလို့
နောင်တမရစေရဘူးသိလား
အားလုံးတွက်မောင်တာဝန်ယူပါတယ်ကွာ
နော် ဆု မောင်ဆုကိုအရမ်းချစ်တယ်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပေးပါနော်
မောင်ဆုကိုပဲလက်ထပ်မှာပါမောင့်ကိုယုံပါ
နော်

ကောင်မလေး...အင်းပါ မောင်ရယ်
ဆုလဲမောင်နဲ့မခွဲချင်ပါဘူးဆုလဲမောင့်ကိုပဲ
လက်ထပ်မှာပါချစ်သူမောင့်ကိုအရမ်းချစ်လို့
လိုက်လျောပါရစေ ဆုကိုတော့ခွဲမသွားရဘူးနော် မောင်

ကောင်လေး...စိတ်ချပါချစ်သူရယ်
မောင်ကတိပေးပါတယ်

မိန်းကလေးတွေကတစ်ကယ်ချစ်တတ်လာပြီဆိုရင်အချစ်ကမျက်လုံးကမ်းစေတယ်မိဘမောင်နှစ်မတွေဘယ်လိုပဲတားစီးနေပါစေကိုယ့်ချစ်သူစကားကလွဲရင်ဘယ်သူ့စကားမှနားမဝင်ကြတော့ဘူး

ကောင်မလေး...မောင်ဆုကိုလက်ထပ်မယ်ဆို

ကောင်လေး....အင်းပါ ဆုရယ်
မောင်တို့နှစ်ယောက်အတွက်တူတူနေဖို့
ဆိုတာမောင်တို့အများကြီးကြိုးစားရဦးမယ်လေမောင့်ဘက်ကမပြည့်စုံသေးလို့
ဆုသီးခံပြီးအချိန်လေးစောင့်ပေးပါနော်

ကောင်မလေး...အချိန်တွေကမလိုပါဘူး
မောင်ရယ်မောင်နဲ့ဆုလက်ထပ်ပြီးတဲ့ခါကြ
ရင်သူ့အလိုလိုဖြစ်သွားမှာပါ ဆုမောင်နဲ့တူတူနေပြီ

ကောင်လေး...မင်းတို့မိန်းလေးတွေက
လက်ထပ်မယ်တူတူနေချင်တယ်ဒါပဲသိကြတယ်တစ်ကယ်တမ်းလဲလက်လဲထပ်ပြီးရောငါ့တို့ယောင်္ကျားတွေကပဲရင်ပေါင်တန်းပြီး
ရှာကျွေးရတာ အချိန်လေးတောင်မစောင့်နိုင်တော့ဘူးလား

ကောင်မလေး....မောင်ရယ်

မျက်ရည်ဝဲပြီဘာပြောရမှန်းမသိတဲ့မိန်းမသားတွေရဲ့ဘဝကကိုယ့်ချစ်သူကအချိန်စောင့်လို့ပြောတဲ့နေ့ကိုပဲမြန်မြန်ရောက်ပါစေလို့ရင်ထဲကကြိတ်ပြီးစုတောင်းယုံကလွဲရင်
ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးလေ
ကိုယ့်ကိုတစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ရဲ့အခက်ခဲတွေဘယ်လိုပဲပိတ်ပင်တားစီးနေပါစေအရာရာကိုကျော်ဖြတ်ရဲ
တဲ့သတ္တိတွေရှိကြတယ်

ကိုယ့်ကိုတစ်ကယ်မချစ်တဲ့ယောင်္ကျားတွေကကိုယ့်ဆီကလိုချင်တာကိုရအောင်ယူတတ်ကြတယ်ရလဲရကောကိုယ့်ကိုတန်ဖိုး
မထားကြတော့ဘူး

မိန်းကလေးတွေသိစေချင်တာက
ကိုယ့်ချစ်သူကိုဘယ်လောက်ပဲချစ်နေပါစေ
ကိုယ့်ရဲ့အပျိုစင်ဘဝကိုပုံအောပြီးမချစ်မိစေနဲ့ကိုယ့်ရဲ့ခန္ဓာကိုရမှချစ်မယ်ဆိုရင် သူက
ကိုယ့်ကိုတစ်ကယ်မချစ်လို့ပါ
တစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ကို့ထိခိုက်နစ်အောင်မလုပ်ပဲတန်ဖိုး
ထားတတ်ကြတယ်ကိုယ့်ဘဝကိုမှမရလို့
စိတ်ဆိုးစိတ်ကောက်တယ်ဆိုရင်
ဆက်ပြီးချစ်မနေပါနဲ့ အချစ်ဦးနဲ့လွဲတဲ့
အတွဲတွေကအများကြီးပါဘယ်လောက်ပဲ
ချစ်နေပါစေကိုယ့်ဘဝကိုပုံအောပြီး
မချစ်မိစေနဲ့ သူငယ်ချင်းတို့ရယ်

ယောင်္ကျားလေးတွေကလဲတစ်ကယ်မချစ်ပဲ
မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
တာဝန်မယူနိုင်ပဲချစ်တာကိုအရှေ့တန်းတင်ပြီးမဖျက်စီးမိပါစေနဲ့
ကိုယ့်နေရာမှာ ကိုယ့်ညီမတောင်ဖြစ်ခဲ့မယ်ဆိုရင်
သူတစ်ပါးခံစားရသလို
ငါ့ညီမလဲဒီလိုပဲဖြစ်ခဲ့ရင်ငါဘယ်လိုနေရမလဲ
ဆိုတဲ့ အသိတရားလေးနဲ့
နှမချင်းစာနာပေးကြပါ

 ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
***  "အသိပညာ အတတ်ပညာမျှဝေခြင်းသည်    ပညာဒါနပင်ဖြစ်သည်"***

***လူသည်မနက်ထက်ညတွင် အသိပညာပိုရှိရမည်***

***ယနေ့ထက်မနက်ဖြန်ပိုတော်ရမည်
ဒါကြောင့်စာဖတ်ပါ***

*** လေ့လာပါ မှတ်သားပါ လက်တွေ့ကျင့်သုံးပါ***
***ယနေ့ ကျိုးစားမှုသည် မနက်ဖြန်အောင်မြင်မှုဖြစ်သည်***
***To Know And Not To Do It Not Yet To Know.***
                    #နှလုံးသားဗိုင်းရပ်စ်         ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

No comments:

Post a Comment