Wednesday, November 15, 2017
ရဟန်းမျက်ရည် မြေမကျကောင်း -------
ဘုရားရှင်လက်ထက်ကလည်း
ဘုရားရှင်နဲ့  ကောသလမင်းတို့ 
ဗိမ္မီသာရ မင်းတို့ ဟာ
ဓမ္မစက်နဲ့  အာဏာစက်ကို
သူ့ နေရာနဲ့ သူ အသုံးချခဲ့ကြတယ်
ရှင်အရဟံ နဲ့  အနော်ရထာမင်းကြီးတို့ 
နောက်ပိုင်းမှာလည်း
ဓမ္မစက်နဲ့  အာဏာစက်ကို
သူ့ နေရာနဲ့ သူ
အသုံးချခဲ့ကြတာပါပဲ
မင်းနဲ့  ရဟန်းသံဃာ ညီညွတ်ခဲ့လို့ လည်း ပြည်သူတွေ အားလုံး ချစ်ချစ်
ခင်ခင် စည်းစည်းလုံးလာံး နဲ့ 
ကျော်ဖြတ်ခဲ့ကြတာ ဝမ်းသာစရာ
ကောင်းသလို ကြည်နူးစရာလည်း
ကောင်းခဲ့တယ်
ဗုဒ္ဓဘာသာအင်အား နည်းပါးလာပြီး
မိစ္ဆာဒိဋ္ဌိတွေ ကြီးစိုးချိန်ကစလို့ 
ဗုဒ္ဓတရားတော်နဲ့  ကင်းဝေးပြီး
ကမ္ဘာ့ဥပဒေတွေ ကြီးစိုးလာကာ
ဗုဒ္ဓဘာသာတွေ အင်အားနည်းချိန်မှာတော့
မင်း နဲ့  ပြည်သူ
မင်းနဲ့  ရဟန်း
ရဟန်းနဲ့ ပြည်သူ
တသားတည်းမရှိတော့ဘူး
ဗုဒ္ဓကိုယ်တိုင်
ဝိနည်းတွေသက်မှတ်တဲ့အခါ
လောကီ ဥပဒေတွေကို
ဘုရင်တွေကိုမေးပြီး
ရဟန်းတော်များအတွက်
သတ်မှတ်ခဲ့ရတာ ရှိခဲ့တယ်
ဥပမာအနေနဲ့  ပါရာဇိကလေးပါးမှာ
သူတပါးဥစ္စာခိုးရင် ဘယ်လောက်ဆို
ပြစ်မှု့မြောက်သလဲ မေးတယ်
ရွှေစင်တမတ်သား (ငွေငါးကျပ်ဖိုး) ခိုးယူ
မှု့ကစလို့  ပြစ်မှု့မြောက်ကြောင်း
ပြောတဲ့အခါ ရဟန်းတော်များအတွက်လည်း
အဲဒီပြစ်မှု့အတိုင်းပဲ ပါရာဇိက
သတ်မှတ်ပေးခဲ့တယ်
တချို့ ပြစ်မှု့တွေကျတော့လည်း
လူဥပဒေနဲ့ မဆိုင်တော့ဘူး
ရဟန်းတော်များကို ရဟန်းတော်များ
အဖွဲ့ ကပဲ အပြစ်ပေးယူမှ
အပြသ်ကျေတာတွေ ရှိလဲ့တယ်
ဥပမာ သံဃဒိသိတ် အာပါတ်မျိုးကျတော့ ကျူးလွန်တဲ့ ရဟန်းတော်ကို
ရဟန်းအပါး နှစ်ဆယ် ကဆုံးမမှ
အပြစ်ကျေတာတွေ ရှိတယ်
ဘုရင်နဲ့  မဆိုင်တော့ဘူး
အဲဒီတော့
ဒီကနေ့ အခြေအနေတွေမှာ
အာဏာစက်ရော ဓမ္မစက်ပါ
သူ့ နေရာနဲ့ သူ အသုံးချတတ်ဖို့ အတွက် အုပ်ချုပ်သူ မင်းအစိုးရနဲ့ 
သံဃာ့အဖွဲ့အစည်းတွေ
ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်
ရဟန်းတစ်ပါးအပြစ်စ်တခုသင့်လို
မင်းအစိုးရက ဆုံးဖြတ်တဲ့အခါ
ရဟန်းတော် အများစုက
မကျေနပ်ဘူး ဆိုရင်
သံဃာ့အဖွဲ့ အစည်းက
ကြားဝင်ဆုံးဖြတ်ပေးသင့်ပါတယ်
သံဃာအား
ဘုရား မဆန်သာ ဆိုတဲ့
စကားတစ်ခွန်းရှိပါတယ်
ရဟန်းသံဃာတော်များရဲ့ ဆန္ဒကို
ဘုရားရှင်တောင် မလွန်ဆန်နိုင်ပါဘူး
ရဟန်းသံဃာတော်များရဲ့
ဆန္ဒကို အုပ်ချုပ်သူများကလည်း
အလေအနက်ထားသင့်ပါတယ်
လုအုပ်ချုပ်သူများဟာ
ရဟန်းတော်များရဲ့ ဝိနည်းစည်းကမ်း
များကို နားမလည်ဘူးဆိုရင်
အရာရာ အာဏာစက်တစ်ခုတည်း
ဆုံးဖြတ်မိတတ်ပါတယ်
ဒီလို လွဲမှားခဲ့လို့ လို့ လည်း
ကမ္ဘာအလယ်မှာရဟန်းတော်များ
မျက်နှာငယ်ခဲ့ရပြီးပါပြီ
ရဟန်းတော်များ
မျက်ရည်ကျရပြီဆိုရင်
တိုင်းပြည်ဘယ်တော့မှ
မအေးချမ်းနိုင်ပါဘူး
အုပ်ချုပ်သူများနဲ့ 
ဆရာတော်ကြီးများ
ဓမ္မစက်နဲ့ 
အာဏာစက်ကို
တည့်မပ်စွာ အသုံးချနိုင်ပါစေလို့ 
ဆန္ဒပြုလိုက်ပါရစေ
Credit        ဦးမြင့်ခိုင်
Like & share
No comments:
Post a Comment