Wednesday, November 15, 2017

သတိ...! မျိုးရိုးလိုက်တတ်သည်....


" ကိုရီး ...
ဝမ်းသာစရာ
ပြောဖို့ရှိတယ်​သိလား ... "

"အမယ်​ ... ဘာကိစ္စလဲ "

ကျုပ်​ညီမ​ဗျ ...
မျက်​နှာကစပ်​ဖြဲဖြဲနဲ့ ...
ဘာကိုမဟုတ်​တာ
ပြောဦးမယ်​ မသိဘူး

"တကယ်​ ... !
ဝမ်းသာစရာ သိလား "

"​အေးပါ ဘာဖြစ်​လဲ "

"ညီမ​လေး ... !
ရည်းစားရပြီ​တော့ "

ငစ်​ ...
ရည်းစားရတာကို
အစ်​ကိုဆီ... !
ဝမ်းသာအားရ
လာ​ပြောတယ်​လို့​ဗျာ
တစ်​ခါမှကို
မ​တွေးဖူးဘူး
ထလုပ်​ရင်​.... !
ကျုပ်​ကအနိုင်​ကျင့်​တယ်
ဖြစ်​ဦးမယ်​ ......! ! !

"ဒီမယ်​ ​အေးပုံ
ရည်းစားရတာ
ငါ့ကိုလာ​ပြောရလား
ငါ့နှယ်​ အ​ဖေနဲ့တိုင်​လိုက်​ရ "

"ကိုရီး ဘာသိလို့လဲ
ဒီတစ်​ခါက ဟိုဖက်​ရွာက
ကိုဖိုး​ထောင်​နဲ့ "

"ကျစ်​ ... 
ပြော​လေကဲ​လေ "

ကျုပ်​ညီမက
အဲသလို ...
လုပ်​ချင်​ရင်​ဇွတ်​ ...
အစ်​ကိုနဲ့မတူတာက
တည်​တည်​ငြိမ်​ငြိမ်
မရှိတာပဲ
ဒါ​ပေမယ့်​​ဗျာ ...
ကိုယ့်​ညီမ...
ရည်းစားထားဖို့​အ​ရေး
ဘယ်​အစ်​ကိုက
နှစ်​မြို့မလဲ​ဗျ ...

"နင့်​အသက်​က
ခုမှငယ်​ငယ်​ရှိ​သေးတယ်
ဒါ​တွေလုပ်​စရာလား
အေးပုံရဲ့ "

"ကိုရီးကလဲ ...
ဘုရား​ဟောရှိတယ်​​လေ "

"ဟမ့်​ ... ​ပြောပါဦး "

ဝါးနုက ...
ဝါးရင့်​ပတ်​တယ်​ဆိုတာ
ဒါမျိုး​နေမှာ
သူကပဲ ....
ဘုရား​ဟောနဲ့ဘာနဲ့ .... !

"​ကောသလ အိပ်​မက်
၁၆ချက်​ထဲမှာပါတယ်​​လေ
မြေစာပင်​ ပုခက်​လွှဲဆိုလား
ဒန့်​ကျွဲပင်​ ပုခက်​ဆင်​ ဆိုလား "

"​အေး ...
အဲဒါနဲ့ဘာဆိုင်​လဲ ...
ငယ်​ငယ်​ရွယ်​ရွယ်​နဲ့
အိမ်​​ထောင်​ပြုကြတာကို​ပြောတာ "

"အင်း​လေ ...
ညီမ​လေးက
ဘုရား​ဟောမမှန်​မှာစိုးလို့
စော​စောရည်းစားထားပြတာ "

"ဂိန်​ ... "

အေး​ရော ...
ကျုပ်​မှာ​....
ပြောစရာစကားကို
မရှိ​တော့ဘူး
ဘုရား​ဟော​တောင်
မှားမတဲ့...
ဘာပဲဖြစ်​ဖြစ်​​လေ
မရရ​အောင်​တားရမှာပဲ

"​အေးပုံရဲ့ ...
ရည်းစားထားတယ်​ဆိုတာလဲ
မျိုးရိုးကိုကြည့်​ရတယ်​ဟဲ့ "

"ကြည့်​ပါတယ်
ကိုဖိုး​ထောင်​က
အမျိုးကလဲ​ကောင်းပါ့
အရိုးကလဲ ​တောင့်​ပါ့ "

ဘုရား ...
ဘယ်​လိုမှ​...
ပြောရမယ့်​ပုံကမ​ပေါ်ဘူး
ခေတ်​ကာလ
သားသမီး​တွေ
ခက်​တယ်​ဆိုတာ
ဒါကို​ပြောတာ​နေမှာ

"မျိုးရိုးဆိုတာ
ငါ​ပြောပြမယ့်​ဟဲ့ 
မောင်​နှမချင်းမို့​ပြောတာ​နော်​ "

"ဟုတ်​ ... "

"သူ့မှာ ....
အစ်​ကိုသုံး​ယောက်
ရှိတယ်​မဟုတ်​လား ... "

"ဟုတ်​တယ်​​လေ ...
အိမ်​​ထောင်​ကျကုန်​ပြီ "

"​အေး ...
ငါ​ပြောချင်​တာ အဲ့ဒါ ...
အကြီး​ကောင်
အိမ်​​ထောင်​ကျ​တော့ 
ညောင်​ငါးပင်​ရွာသူနဲ့​လေ
ကိုင်း ... 
မွေး​တော့ ...
က​လေးက ငါး​ယောက်​ "

"အယ်​ ...
ဟုတ်​တယ်​​နော်​ "

"​နောက်​တစ်​​ယောက်​....
ကျတော့ လည်း... !
ဆယ်​တွင်း ရွာက​လေ "

"အဲဒါ ....
ဘာဖြစ်​လို့လဲ "

"သူ့မိန်းမ ... !
က​လေး​မွေးတာ
ဆယ်​​ယောက်​ဟ "

"ငွမ့်​ ... "

ကျုပ်​ညီမ .... !
မျက်​လုံး​တော့ပြူးလာတယ်​ ...
ကျုပ်​ညီမ .... !.... !
လန့်​တဲ့ပုံ​ဗျ ...
ဒါနဲ့ ဆက်​​ပြောတာ​ပေါ့

"သူ့အထက်​က 
နောက်​တစ်​​ယောက်​​လေ ...
အစိတ်​ကုန်းရွာသူနဲ့ ရတာ
အခု ....
နှစ်​ဆယ့်​​လေး​ယောက်​နဲ့
တစ်​​ဗိုက်​ဖြစ်​​နေပြီ "

"အို ... "

"ဒါနဲ့ ညီမ​လေး ...
ငါတို့ရွာနာမည်​က
ဘာလဲ....... ? "

"ရာပြည့်​ကုန်း တဲ့ ... "

"ကိုင်း ... "

ကျုပ်​မှာ ...
ကိုင်းပဲ​ပြောရ​သေးတယ်​ ...
ညီမ​လေးတစ်​​ယောက်​ ... 
အောင်​မ​လေး​အော်​ပြီး 
ပြေးပါ​လေ​ရော
ဘယ်​ရမလဲ ...
ကျုပ်​အကြံ​.... !
အောင်​ချက်​က​တော့
ညီမ​လေးတစ်​​ယောက်
အဲ့ကတည်းက
ဖိုး​ထောင်​တို့အိမ်​ဖက်​ဆို
ခြေးဦးလှည့်​ဖို့မ​ပြောနဲ့
မျက်​​စောင်း​တောင်
ထိုးမကြည့်​တာပါဆို
အဟုတ်​ ..

#Credit

No comments:

Post a Comment