✏လူ့ဘောင်လောကမှာ စည်းကမ်းဟာ မရှိမဖြစ်ပါ။ ပထမ စိတ်ဓာတ်ကို အရင်ပြင်ပေးနိုင်မှ စည်းကမ်းရဲ့တန်ဖိုးကလှတတ်ပါတယ်။ ✏ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ သူကျင်လည်ရာ ပတ်ဝန်းကျင်ပေါ်မူ တည်ပီး ဆိုးဆိုးကောင်းကောင်း ဖြစ် နေတတ်ပါတယ်။ရိုင်းစိုင်းတဲ့ပတ်ဝန်း ကျင်မှာ ကျင်လည်နေရသူတွေဟာ ရိုင်းစိုင်းစိတ်တွေ ထုံနေတတ်ပီး ယဉ် ကျေးတဲ့ပတ်ဝန်းကျင်မှာ ကျင်လည်နေ ရသူတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့စိတ် ဓာတ်ကို ပိုင်ဆိုင်နေတတ်ပါတယ်။ ✏ လူအဖွဲ့အစည်းတစ်ခုမှာတော့ မတူညီတဲ့ စရိုက် ၊ မတူညီတဲ့ပတ်ဝန်း ကျင်ကလူတွေနဲ့ အတူပူးပေါင်းလုပ် ဆောင်နေကြရတဲ့အတွက် စည်းကမ်း ဟာ အလွန်အရေးပါ အရာရောက်လှ ပါတယ်။ဒါပေမယ့်.... ✏စည်းကမ်းရဲ့သဘောဟာ တင်းလွန်းလျှင်ပြတ်တတ်သလို လျော့လွန်းလျှင်လည်း ကိုယ့်ကို ပြန် ပီးပတ်တတ်ပါတယ်။ ✏ ကာလဒေသနဲ့အညီ လိုအပ်သလို စည်းကမ်းထုတ်ပြန် လုပ်ဆောင်နိုင်မှ မလျော့မတင်းဖြစ်ပီး သင့်လျော်ပါလိမ့် မယ်။ ✏ တခါက တောရွာစာသင်ကျောင်း တစ်ခုမှာ ဆရာဖြစ်သူက တပည့်တွေ အတွက် ကာလဒေသနဲ့အညီ စည်း ကမ်းသစ်ထုတ်ပြန်ပါတယ်။ ရွာဘုရားပွဲကျင်းပနေဆဲကာလ ဖြစ် တဲ့အတွက် အတန်းချိန်လစ်ပီး ဘုရား ပွဲ ခိုးထွက်လည်ရင် ထိုင်ထ အခါ၅၀ လုပ်ရမယ်ဆိုပီး စည်းကမ်းသစ် ထုတ် လိုက်ပါတယ်။၁၀တန်းကျောင်းသူကျောင်းသားတွေဆိုတော့ အရှက်ရလိမ့်နိုးနဲ့ ထုတ်ပြန်လိုက်တာပါ။ ပထမရက်မှာပဲ ကျောင်းသား၃ ယောက် အတန်းချိန်လစ်ပီး ဘုရားပွဲ ကိုခိုးထွက်ကြတယ်။ဒါကို ဆရာကသိ ပီး နောက်ရက်အတန်းချိန်မှာ အဲ့ဒီ ကျောင်းသား၃ယောက်ကို အတန်းရှေ့ ခေါ်ထုတ်ပီး ထိုင်ထ အခါ၅၀ ပါးစပ် ကဆို လုပ်စေပါတယ်။ ဒါပေမယ့် ထိုင် ထအခါ၅၀ပြည့်တာတောင် မရပ် သေးဘဲ အခါ၁၀၀ထိဆက်လုပ်ကြ တော့ ဆရာနဲ့အတန်းသားအားလုံး မှင်သက် အံ့သြနေကြပီး ဆရာက "ဟေ့ကောင်တွေ...ငါခိုင်းတာကအခါ ၅၀ မင်းတို့က ဘာလို့အခါ၁၀၀လုပ်ရ တာလဲကွ"လို့ မေးလိုက်ရော ကျောင်းသား၃ယောက်ရဲ့အဖြေက "နောက်ရက်အတွက်ပါ ကြို လုပ်ထားတာပါဆရာ...."တဲ့။ မျိုးနိုင်-တန့်ဆည်

No comments:
Post a Comment