ကိုယ့်ဘဝအတွက် အရေးမပါတဲ့ လူတွေဆီက ပြစ်တင်ဝေဖန်မှုတွေကို လိုက်ခံစားမနေပါနဲ့... ကိုယ့်ကို မလိုမုန်းထား အပုပ်ချနေတဲ့ လူတွေ ဆီက ကဲ့ရဲ့ရှုတ်ချမှုတွေကို ဂရုစိုက်မနေပါနဲ့... ကိုယ်တန်ဖိုးထား လေးစားတဲ့ သူတွေဆီက ထောက်ပြဝေဖန်မှုကို နှစ်ခြိုက်စွာ ကြိုဆို လက္ခံပါ... ကိုယ်ယုံကြည်မြတ်နိုးရတဲ့ သူတွေဆီက သတိပေး ညွှန်ပြတာတွေကို ဝမ်းမြောက်စွာ ခံယူလိုက်နာပါ.... တကယ်ဖြစ်နေတတ်တာက... ကိုယ့်ဘဝအတွက် အရေးမပါတဲ့သူတွေ... ကိုယ့်ကိုအမုန်းပွါးနေတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်မှုတွေကိုပဲ ယူကြုံးမရ ခံစားနေတတ်တာ... မကြေမနပ်ဖြစ်မိတာ... လိုက်ပြီးဖြေရှင်းနေမိတာ... အဲ့ဒါတွေနဲ့ပဲ အချိန်ကုန်နေမိတာ များပါတယ်...တကယ်တမ်း လေးနက်စွာ တွေးကြည့်ရင် အနစ်နာကြီး နစ်နာသွားတာက ကိုယ်ပါ...မှားနေတာက ကိုယ်ပါ.... ဒါကြောင့် ကိုယ့်ဘဝအတွက် အရေးမပါတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်လာမှုတွေကို အချိန်ပေး ခံစားမနေပါနဲ့... အချိန်ပေး ပေါက်ကွဲမနေပါနဲ့... အချိန်ပေး ဖြေရှင်းမနေပါနဲ့... ကိုယ်လေးစား တန်ဖိုးထားတဲ့ ကိုယ် ယုံကြည်မြတ်နိုးရတဲ့ သူတွေအတွက် အချိန်ပေးပါ...ကိုယ့်အတွေ့အကြုံ အတွေး အခေါ် အသိအမြင်တွေနဲ့ ပေါင်းစပ်ပြီး.. သူတို့ရဲ့ စကားတွေကိုလက်ခံပါ...လိုက်နာပါ.. သင့်ဘဝ.... အမှားအတော်နည်းသွားပါလိမ့်မယ်..... အမှားနည်းရင် နစ်နာမှု နည်းပါလိမ့်မယ်.. နစ်နာမှု နည်းရင် ဘဝဟာ သာယာအေးချမ်းပါ လိမ့်မယ်.... သာယာအေးချမ်းမှ ကိုယ့်ဘဝဟာ တန်ဖိုးရှိမှာပါ...အဓိပ္ပါယ်ရှိမှာပါလို့.... ❄စာပေချစ်သူများကို အစဉ်လေးစားလျက်
❄ Credit🌹Pan Ka Byar

No comments:
Post a Comment