ငါဖြစ်စေချင်တာ
စိတ်ဆိုးစိတ်ကောက်ရင် ဖုန်းတော့မပိတ်ထားပါနဲ့ရှင်းပြခွင့်ပေးပါ ။
တစ်ခုခုဆို ဒေါသနဲ့မတုန့်ပြန်ပဲ ဖြစ်ချင်တာကိုပြော
ကြည့်ပါလား ဒါဆို တစ်ခုခုတော့အဆင်ပြေသွားမှာပါ ။
အပြင်သွားမယ်&တခုခုလုပ်တော့မယ်ဆိုMessage လေးတော့ ပို့သွားပေးပါ
ဖုန်းထဲကနေ မပိုပေးနိုင်ရင်တော့ လိုင်းလေးဖွင့်ပြီး
ပို့ထားပေးပေါ့ ။
စကားတွေများရင် အော်လို့ရပါတယ် ငြင်းခုန်လို့
ရတယ် ပစ်တော့မထားပါနဲ့ ။
မကြိုက်ဘူးဆိုတဲ့ အရာတွေကို မကြာခဏ
သတိပေးပါ ပြဿနာတစ်ခုခု စဖြစ်ခါနီးမှာ
ဘာကြောင့်ဆိုတဲ့မေးခွန်းလေး စမေးပါ
တစ်ခါတစ်ခါ ကိုယ်တိုင်မသိတဲ့
အမှားလေးတွေ ရှိပါတယ် ။
ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ့်အလုပ်လေးနဲ့
ကိုယ်ရှုပ်နေတဲ့အခါလေးတွေ ရှိတတ်ပါတယ်
အဲ့ဒီအတွက် ကြိုပြောထားပါ့မယ် မင်းလည်းပြောပါ ။
ပြီးတော့ တစ်ယောက်ချင်းဆီရဲ့အားနည်းချက်ကို
ဆုပ်ကိုင်ဖို့မကျိုးစားပဲ ဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ် ။
သဝန်တိုတယ် တစ်ခါတစ်ခါဆို ဘာမှမဟုတ်ပဲ သံသယလေးတွေနဲ့ အတွေးတွေလွန်တတ်ပါတယ်
ဒါကြောင့်အမေးအမြန်းတွေများတတ်တယ် သိထားပေးပါ ။
အချိန်တိုင်း ဖုန်းပြောဖို့ အဆင်မပြေပေမဲ့
ကိုယ်ပိုင်အားလပ်ချိန်လေးတိုင်း ဖုန်းဆက်စေချင်ပါတယ်
နောက်ဆုံး Message လေးဝင်နေရင်တောင်
ကျေနပ်နေတတ်ပါတယ် But အသံလေးတော့ကြားချင်တာပေါ့ ။
ပြောပါ ရပါတယ် ဘယ်သူနဲ့ စကားပြောပြော
ရိုးရိုးသားသားပဲ ပြောပါ ကို့ကိုတော့ ပိုပြောပါ ။
အနာဂတ် အတွက် တဖြည်းဖြည်းချင်း တည်ဆောက်ဖို့ကျိုးစားနေပါတယ် ။
ဘာဖြစ်ချင်တာ ဘာလုပ်ချင်တာကို ဖွင့်ပြောပါ
တစ်ခါတစ်ရံ အလိုက်မသိတာလေးတွေ ရှိနေတတ်ပါတယ် ။
နားလည်မှုဆိုတာ သိပ်ကိုကောင်းပါတယ်
စိတ်လေးရှည်ပေးပေါ့
ဒါပေမဲ့ ပွင့်လင်းဖို့ လိုအပ်သလို
တစ်ယောက်နဲ့ တစ်ယောက်လေးစားဖို့ လိုတယ် ။
Credit A K L

No comments:
Post a Comment