မိန်းကလေး တွေဟာ ရည်းစားတစ်ယောက်နဲ့ ပြတ်ရင် သိပ်ခံစားကျရတယ်
အင်း ဟုတ်မှာပေါ့ ...
အသည်းကွဲပြီဟေ့ ဆိုတာနဲ့
ကြိတ်ငိုမယ် ခံစားမယ် ကိုယ့်အသားကို နာကျင်အောင် တစ်နည်းနည်းနဲ့ လုပ်မယ် ...
အရင်က ဓါတ်ပုံဟောင်းလေးတွေကို ကြည့်ပြီး မျက်ရည်ကျမယ် ...
message အဟောင်းလေးတွေကို ကြည့်ပြီး ကြိတ်ခံစားမယ် စားမဝင်လောက်အောင် နေလိုက်မယ် အလှအပတွေလည်း မေ့ပစ်လိုက်မယ် ...
အဲဒါ စမှားတာပဲ
ဘာဖြစ်လို့ အင်းပေါ့ သိပ်ချစ်လို့ ခံစားရတယ်ပေါ့ ...
နားလည်ဘာတယ် သိပ်ချစ်လို့ ဆိုတဲ့အကြောင်း ဒါပေမဲ့ ကိုယ့်ဘဝရဲ့ တစ်ခုလုံးကို မဖျက်စီးသင့်တာ အမှန် ...
ဘုရားက ဟောထားတာ ဒီတစ်သက် ဒီအကောင်နဲ့ပဲချစ် ဒီအကောင်နဲ့ပဲယူ ဒီအကောင်နဲ့ပဲ နေဆိုတဲ့ တရား ဟောခဲ့တာမှ မဟုတ်တာ ...
ခံစားသင့်ရင် ခံစားလိုက် ဒါပေမဲ့ ကိုယ့်ဘဝရဲ့ အချိန်တွေကို မေ့ပစ်ပြီး လုံးလုံးကို မခံစားသင့်တာ ...
ဒီလို ခံစားပြလို့လည်း ဟိုအကောင်က ဘာပြောမယ်ထင်လည်း ...
ဟင်း ဒီနွားမ ဒီဟာမ ဒီမိန်းမ ငါ့ ကိုယ်ဒီလောက်ထိချစ်ပြီး ငါ့ အတွက်နဲ့ ဒီလောက်ခံစား နေရတယ် ဆိုပြီး စောက်ဘဝင်မြင့်ပြီး အထင်တောင် သေးမှာ ...
ဘာဖြစ်လည်း ဒီတစ်ယောက်နဲ့ ပြတ်ရင် နောက်တစ်ယောက်လာမယ် ဆိုတဲ့ စိတ်လေးသာထား ...
ကိုယ့်တစ်ယောက်ထဲ ဖြစ်နေလည်း ပျော်အောင်နေ ...
တစ်ယောက်ထဲလည်း ကြိတ်မငိုနဲ့ ...
ကိုယ့်ရဲ့ အသားအရေ လှလှလေးကိုလည်း ဒဏ်ရာရအောင်မလုပ်နဲ့ ...
ဖျက်သင့်တဲ့ အပုံဟောင်းလေးတွေကို ဖျက်ကာ ...
မဖတ်သင့်တဲ့ စာလေးတွေကို မေ့ပြီး
စားသင့်တဲ့ အစားစာလေးတွေ စားရင်း ...
လှနေတဲ့ ကိုယ့်အလှလေးကို ပြန်လှအောင် သာနေပြလိုက် ...
မင်း အရှေ့မှာ အရမ်းသစ္စာ မရှိတဲ့ ယောက်ျား မဟုတ်တောင်မှ မင်း အပေါ် နှစ်နှစ်ကာကာ ချစ်ပေးမဲ့ ချစ်သူ တစ်ယောက်တော့ ပေါ်လာပါလိမ့်မယ် ...
ဒီမှာ လွမ်းသင့်ရင် လွမ်းလိုက် မေ့သင့်ရင် မေ့လိုက် ဥပက္ခာပြုသင့်ရင် ပြုလိုက်ပါ ...
တန်ဖိုးရှိတဲ့ ကိုယ့် အချစ်ဟာ ဘာမှဟုတ်တဲ့ ယောက်ျား တစ်ယောက် အတွက်နဲ့ အချိန်ကုန်မခံနဲ့ ...
ကိုယ့်အပေါ် တစ်ကယ် ချစ်ပေးမဲ့ ချစ်သူကို လက်လွှတ်ရတတ်တယ် ...

No comments:
Post a Comment