ကျွန်တော်တို့ လူငယ်တွေ အများစုဟာ တစ်နေ့တာလုံး ညအိပ်ယာ ၀င်ကာနီးချိန်ထိ တိုင်အောင် ကိုယ့်ရဲ့ စမတ်ဖုန်းတွေနဲ့ ကင်းကွာလို့ မနေနိုင်ကြပါဘူး ။ ဒါဟာ ကောင်းတဲ့ အလေ့အထလို့တော့ မဆိုနိုင်ပါဘူး။
ဒီလိုမျိုး စမတ်ဖုန်းတွေနဲ့ အချိန်တော်တော်ကြာ နီးနီးကပ်ကပ် နေထိုင်တဲ့အခါ ကျွန်တော်တို့ရဲ့ ဦးနှာက်နဲ့ အာရုံကြောကို ထိခိုက်စေတဲ့အပြင် အခြား ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုတွေလည်း ဖြစ်ပေါ်စေတတ်ပါတယ်။
အထူးသဖြင့် ညအိပ်ယာ ၀င်ကာနီးအချိန် ဖုန်းတွေကို အိပ်ယာထဲထိ ယူမိတဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်ပေါ်စေလဲ ဆိုတာ ဝေမျှလိုက်ပါတယ်နော် ။
❎ အိပ်ရေးပျက်စေတယ်
လန်ဒန်နိုင်ငံက insomnin specialist Dr Meadows ရဲ့ ပြောကြားချက်အရတော့ ကျွန်တော်တို့ရဲ့ အိပ်ခန်းထဲမှာ စမတ်ဖုန်းတွေအပါအ၀င် အခြား လျှပ်စစ်ပစ္စည်းကိရိယာတွေကို နီးနိုင်သမျှနီးအောင် ထားခြင်းဟာ ကျွန်တော်တို့ရဲ့ ညစဉ်အိပ်ချိန်ပြည့်ဝစွာ အိပ်စက်နိုင်မှုကို အထူးပဲထိခိုက်စေတယ်လို့ ဆိုပါတယ်။ဒါကြောင့် သူဆိုရင်လည်း ညအိပ်ယာဝင်ကာနီးအချိန်တိုင်း ဖုန်းကို မီးဖိုခန်းထဲမှာပဲ အမြဲထားခဲ့လေ့ရှိတယ်လို့ပြောပါတယ်။
❎ နေ့ညမှားယွင်းစေတယ်
စမတ်ဖုန်းတွေကနေ ထွက်ပေါ်တဲ့ အပြာရောင် အလင်းတန်းရောင်ခြည်တွေဟာ ကျွန်တော်တို့ရဲ့ မျက်လုံးနဲ့ ခနာကိုယ်တစ်ဝိုက်ကို ကျရောက်စေပြီး ထိုမှတစ်ဆင့် ဦးနှောက်ကို သတင်းပို့တဲ့အခါ ထိုရောင်ခြည်တွေကြောင့် ဒါကို နေ့အချိန်လို့ပဲ ယုံမှတ်မှားစေပါတယ်။ ဒါကြောင့် ဦးနှောက်က နေ့ နဲ့ ည အချိန်တွေကို ကောင်းစွာမသတ်မှတ်နိုင်တော့ပဲ ညဖက်တွေမှာပါ မအိပ်စက်နိုင်တော့ခြင်း ဖြစ်ပါတယ်။
❎ မလိုအပ်တဲ့ မက်ဆေ့ခ်ျနဲ့ မှားယွင်းတဲ့ ဖုန်းခေါ်ဆိုတွေကို ကြုံရတတ်ခြင်း
သင့်ဖုန်းကို အိပ်ယာဘေးမှာ ထားအိပ်မိတဲ့အခါ အရေးမကြီးတဲ့ မက်ဆေ့ခ်ျတွေနဲ့ ဖုန်းခေါ်ဆိုမှုတွေကြောင့်လည်း အချိန်မတော် အိပ်ရေးပျက်ရတာမျိုးကြုံရပါတယ် ။
❎ ဖုန်းကိုမကြာခဏဖွင့်ကြည့်မိခြင်း
အိပ်ယာဘေးမှာ ဖုန်းကို အမြဲထားအိပ်တဲ့အခါ မကြာခဏ ဖွင့်ပြီးစစ်ဆေးတဲ့ အကျင့်ကိုရရှိတတ်ပါတယ် ။အကြောင်းပြချက်မယ်မယ်ရရမရှိပဲနဲ့ ဖုန်းကိုဖွင့်ပြီး နာရီကြည့်တာ ၊ မက်ဆေ့ခ်ျစစ်တာ အဲ့ဒီကနေမှာ တစ်ဆင့် facebook အသုံးပြုမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကနေပဲ သင့်ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ဖြစ်စေပြန်ပါတယ်။
ဒါကြောင့် အိပ်ယာဝင်တဲ့အခါ အမြဲတမ်းဖုန်းယူဆောင်တာဟာ မှန်ကန်တဲ့အကျင့်တော့ မဟုတ်ပါဘူး ။ ဒါကြောင့် ခုကစလို့ မလုပ်ကြတော့ဖို့ ပောလိုပါတယ်နော်။ ဒီစာလေးကိုလည်း like & share လုပ်ဖို့မမေ့နဲနော် ။
Credit original writer

No comments:
Post a Comment