Thursday, November 16, 2017

♥ ​နေ​ရေးထက်​ ​သေ​ရေးကိုအ​လေးထားပါ.......♥

✏ လူအများစုဟာ
အသက်​ရှင်​သန်​​ရေး အတွက်​သာ အ​လေး
ထားလုပ်​​ဆောင်​​နေကြရတဲ့အတွက်​ ​သေ
ရေးကို​တော့ ​မေ့​လျော့​ပေါ့ဆ ​နေတတ်​ကြ
ပါတယ်​။

✏​နေ့စဉ်​အမျှ
ကာမဂုဏ်​အာရုံ​တွေရဲ့ ချယ်​လှယ်​ချုပ်
ကိုင်​မူ​အောက်​မှာ ဘဝကိုအနစ်​မွန်းခံ​နေရ
တာ​ကြောင့်​ လတ်​တ​လောအ​ခြေအ​နေကိုပဲ သာယာ​ပျော်​​မွေ့ ​ခံစား​နေကြတာပါပဲ။

✏ သား​ကျွေးမူ မယား​ကျွေးမူ
မိသားစု အ​​ရေးတွေအတွက်
မိမိဘဝကို မငဲ့ကွက်​ဘဲ ကိုယ်​ကျင့်​တရား
အပျက်​ဆီးခံ ကြိုးပမ်း​နေ​ပေမယ့်​ သံသရာ
မှာ တကယ်​ခံရမှာကမိမိပါ။ဒါ့​ကြောင့်​ ...
ဘာပဲလုပ်​လုပ်​ တစ်​ဘဝစာ တစ်​နပ်​စာ
ကြည့်​ပီး မလုပ်​သင့်​။ သံသရာကိုရည်
မျှော်​ကြည့်​ပီး ​ကောင်းမွန်​မြင့်​မြတ်​တဲ့ အ
လုပ်​မျိုးသာ ကြိုးစားလုပ်​​ဆောင်​​နေရမှာ
ုဖြစ်​ပါတယ်​။

✏ တကယ်​​တော့..
လူ့ဘဝဆိုတာ
ခဏတာအလည်​​ရောက်​လာရတာပါ။
ရောက်​တဲ့အခိုက်​အတန့်​ကာလ​လေးမှာ
ကုသိုလ်​ အကုသိုလ်​ ကို ခွဲခြားသိပီး အ
ကုသိုလ်​ မှန်​သမျှ တတ်​နိုင်​သမျှ ​ရှောင်​ရှား
ကုသိုလ်​မှန်​သမျှ ကြိုးစား လုပ်​​ဆောင်​ကာ
စိတ်​ထား ဖြူ စင်​​အောင်​ထားနိုင်​ဖို့ သတိ
အမြဲရှိ​နေမှ အ​နေတတ်​လို့ အ​သေမြတ်​ပါ
လိမ့်​မယ်​။
       Credit        မျိုးနိုင်​-တန့်​ဆည်

No comments:

Post a Comment