Friday, November 10, 2017

အမိတက္ကသိုလ် ပခုက္ကူအဝေးသင်တက္ကသိုလ်သို့ တမ်းတခြင်းနှင့်ဖြတ်သန်းခဲ့သောနေ့ရက်များ


 အလွမ်းတွေနဲ့ကျန်ခဲ့အုံး​ပေါ့ ​

အမိတက္ကသိုလ်ကျာင်​း​တော်​ကြီး​ရေ...

တစ်ခဏဆိုပေမယ့်လည်း

မင်​း​ပေးခဲ့တဲ့ အမှတ်​တရ​တွေက

ရင်နဲ့မဆံ့အောင်ပါပဲကွာ


မင်းရဲ့ ခန့်ညားခည်ဝါတဲ့ ဂုဏ်ဆောင်အလှတရားတွေနဲ့ အ

နာဂတ်ရင်သွေးငယ်တွေကိုမင်းကတော့ အမြဲကိုဆိုလျက်ပေါ့ကွာ




ငါတို့ကသာ မခေါ်ပဲနဲ့လာတယ် မနှင်ပဲနဲ့ပြန်ရတယ် 

ဒါပေမယ့်......

အလာတုန်းက အပျော်တစ်ခုတည်းပါ

အပြန်ကျမှ အလွမ်းအဆွေး သောက

အမှတ်တရပေါင်းများစွာ

 မမေ့နိူင်တဲ့ အကြောင်းတရားများစွာ 

ငါ့ရင်ခွင်နဲ့မဆံ့အောင် 

မင်းပေးရက်တာလဲ ကျောင်းတော်ကြီးရာ.....

ခုချိန်​မှာတော့ အလွမ်​း​တွေအဖြစ်​

မင်းကပြောင်းလဲပြစ်ခဲ့တယ်လေ




မင်းမသိဘူး ………

အစားဆို ထိပ်ဆုံးက အအိပ်ဆိုထိပ်ဆုံးက

အလည်ဆိုထိပ်ဆုံးကသူတို့တွေ………

ခုတော့ ဘယ်မှာလဲ သူတို့……








မင်းမသိဘူး

စာကျက်​ရင်​ နောက်ကလိုက်​​နှောက်ယှက်​ှတဲ့သူတို့တွေ………

ခုတော့ ဘယ်မှာလဲ သူတို့……








မင်းမသိဘူး

သီချင်းတွေ အော်ဆို ကွေးနေအောင်ကတဲ့

သူတို့တွေ………

ခုတော့ ဘယ်မှာလဲ သူတို့……


မင်းမသိဘူး

အပြင်သွားမယ်ဟေ့ဆိုတာနဲ့ 

နှစ်ခါငြိစရာမလိုပဲ ဆိုင်ကယ် နောက်က

အဖော်လိုက်တတ်တဲ့သူတို့တွေ…

ခုတော့ ဘယ်မှာလဲ သူတို့……












မင်းမသိဘူး

အမှတ်တရပုံရိုက်တိုင်း

 ပြောင်ချော်ချော်မျက်နှာလုပ်တတ်တဲ့ သူတို့တွေ………

ခုတော့ ဘယ်မှာလဲ သူတို့……








မင်းမသိဘူး

စာကျက်​သံ​​တွေ ဆူညံ​နေတဲ့​အ​ဆောင်​​တွေ

ဘုရားတွေ…………

ခုတော့ ဘယ်မှာလဲ အဲ့အရာတွေ……



ဘယ်​မှာလဲကွာ....

ပန်​မရနိုင်​မှန်​းသိ​နေ​ပေမယ်​့ 

အမှတ်​ရစရာ​တွေပြည်​့​နေတဲ့ 

မင်​းရဲ့အချိန်​​တွေကို ငါ့ကိုပြန်​​ပေးပါ

​ကျောင်​း​တော်​ကြီးရာ။ ။


ကျောင်းတက်ရင်း အမှတ်တရတွေနဲ့

ပြန်လွမ်းပါရစေ

 အဝေးသင်နေ့ရက်လေးတွေရေ

အမှတ်တမဲ့ကနေအမှတ်တရအဖြစ်ပြောင်းလဲခွင့်ပေးပါကွာ

😜😜😜😜😜😜😜


ကဲပထမဆုံးအနေနဲ့ကိုယ့်ကိုကိုယ်ပဲ မိတ်ဆက်ပါရစေ

ကိုယ်ကတော့ ရုပ်ချောသဘောကောင်း 

စိတ်ထားဖြူစင်သူ 

အများအားဖြင့် ခပ်တည်တည်နေတတ်ပြီး

 သူငယ်ချင်းတွေကြားမှာတော့ ပေါတောတောနဲ့

 ခလေးလိုတစ်မျိုး လူကြီးလိုတစ်ခါ ဆရာလိုတစ်ဖုံ 

မိန်းမလျာလိုတစ်ဖန် (12)မျိုးဂျင်းသုပ်

 မရိုးနိုင်အောင်နေထိုင်တတ်သူပေါ့

နေတာတော့ ခပ်တည်တည်ပဲ မ

သိတဲ့သူဆို မာနကြီးတယ်ပေါ့ 

တကယ်လက်တွေ့ပေါင်းဖူးသူမှအကြောင်းသိတာ

 တော်ရုံနဲ့ စိတ်မဆိုးဒေါသမထွက်တတ်သလို

စိတ်နာရင်လည်းလှည့်ကိုမကြည့်တတ်တဲ့သူပေါ့ 

ကဲ ကိုယ့်ဂုဏ်ကိုယ်ဖော်တာများသွားပြီ

(လာမယ်နောက်တစ်ယောက်)


သူကတော့

မျက်နှာထားတည်တည်နဲ့အမြဲလိုလို

 စိတ်ကောက်တတ်ပြီး ပေါတောတောနေရင်လည်း 

သူ့လောက်ပေါတဲ့လူမရှိအောင်ကို ရယ်မောတတ်တဲ့ 

အစုပ်ပလုပ်မလေး

သူကောင်းရင်လည်း နှစ်ယောက်မရှိသလို

 ကောက်ရင်လည်း တော်တော်နဲ့ ပြန်ဖြောင့်မရတဲ့သူလေး

 တစ်ခါတစ်လေကျတော့လည်း ကလေးဆန်တယ် 

ဘာလုပ်လုပ် စိတ်ပူတတ်တဲ့သူ


သူကတော့ ဘုဂလန့်ဂျပုလေး

အများအားဖြင့်ခပ်တည်တည်နေတတ်တယ် 

တစ်လောကလုံးသူ့လုပ်စာစားတဲ့ မျက်နှာနဲ့.

 အဲ ပေါတောတောနေပြီ ဆိုရင်လည်း 

ရယ်စရာမရှိတောင် သစ်ရွက်ကြွေတာကြည့်ပြီးရယ်ရယ်တတ်တယ်

 ပြီးသူလောက်စာကျက်တာလည်းသူပဲ

 ပြီးသူလောက် စာမရဘူးငြီးတာလဲ သူပဲ


သူကတော့ ခလေးတေးတေးဂျပုလေး

အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တယ်သူ့အနီးနားတစ်ဝိုက်ကလူတွေကိုလည်းပျော်အောင်လုပ်နိုင်တယ်

 သူ့မျက်နှာကြည့်လိုက်ရင် ပါးချိုင့်လေး နှစ်ခုနဲ့

 မြင်သူတိုင်း စိတ်ချမ်းသာစေမယ့်မျက်နှာမျိုး တော်ရုံတော့ စိတ်မကောက်တတ်ဘူး ကောက်ပြီဆိုလည်း

 မပက်သက်ချင်လောက်အောင်ကို ဂရုမစိုက်တတ်တာ

အမြဲ ခလေးလေးတစ်ယောက်လိုနေတယ်

တစ်ခါတစ်လေကျတော့ဖွားကြီးအိုပေါက်စလေးလို

 ပွစိပွစိနဲ့ လူနဲ့စကားလုံးနဲ့တောင်မလိုက်ဘူး


သူကတော့ ညှက်စိခလေးလေး

တကယ်တကယ့်ကို အသံသေးသေးလေးနဲ့

ရှက်ကိုးရှက်ကန်းနဲ့ခလေးဆန်တတ်သူလေး

သူ့ကြည့်လိုက်ရင် လေတိုက်ရင်တောင်လဲတော့မလိုလိုနဲ့ 

ပျော်ပျော်နေတတ်တယ်

အပြင်သွားမယ်ဆိုရင် နှစ်ခါငြိစရာကိုမလိုတာ 




သူကတော့ သာလိကာမလေး

လူနဲ့မလိုက်အောင် စကားတတ်တယ် အငြင်းလည်း

 ဘာသန်လည်းမပြောနဲ့

သူနဲ့ဆို အမြဲ အခြေအတင်ပဲ 

ဘေးကလူတွေ ထိုင်နားထောင်ရလောက်အောင်ငြင်းကြတာ

 ပျော်ပျော်နေတတ်တယ်

သူက တစ်ခါတစ်လေ စကားပြောရင် Is theလေးထည့်ပြောတတ်တယ်

ဥပမာ သွားစို့ဆိုIs the သွားစို့ ဆိုပြီးတော့ပေါ့


သူကတော့ တေမိလို့ ခေါ်ရမလားပဲ 

စကားနည်းတယ် အေးဆေးတယ် 

အတွေးတွေနဲ့ လွင့်မျောနေတတ်တယ်

အသည်းငယ်တယ်ပြောမလား

သူက သရဲကြောက်တတ်တယ်(လူစုံတုန်း ရှင်းပြတာ)

 ပျော်ပျော်နေတတ်တယ် တစ်ခါတစ်ခါ ခလေးလေးလိုပဲ 


သူကတော့ စိတ်ပုတ်လေး

ပျော်ပျော်နေတတ်တယ် အမြဲ ဆရာမကြီးစတိုင်နဲ့ နေတတ်တယ် 

ပါးမှာပါးချိုင့်လေးနဲ့

 နန်းဆန်တော့အပြုံးကို ပိုင်ဆိုင်ထားသူပေါ့ 

ကိုယ်က ခလေးဆန်တော့ 

သူက အမြဲအလျော့ပေးတတ်တဲ့ မမဆိုလည်းမမှားဘူး


သူကတော့ သူငယ်ချင်းကောင်းတွေထဲကသူငယ်ချင်းကောင်းပေါ့ 

ဆရာနဲ့တူတဲ့ မိတ်ဆွေမျိုးပေါ့ 

တိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလည်းမမှားဘူး

 ယောကျာ်းလေးfriတွေထဲမှာ 

1st year ကနေ လေးနှစ်ဆက်တိုက် မြဲတာဆိုလို့ 

သူတစ်ယောက်ပဲ 

အမြဲအနစ်နာခံတတ်တယ်

 ပျော်စရာသာမျှဝေပြီး သောကဆို တိတ်တိတ်လေး တစ်ယောက်တည်းခံတဲ့သူ

 ဘယ်သွားသွားဘာလုပ်လုပ် သူနဲ့အတူတူပဲ

 သူငယ်ချင်းတွေနဲ့ဆို သူရော ကိုယ်ရော ပေါတောတောပဲ 

အဲ နှစ်ယောက်တည်းဆိုရင်တော့ ဆွေးနွေးလိုက်တဲ့အကြောင်းအရာတွေ

 နေ့တိုင်း ဆွေးနွေးလို့ကိုမပြီးဘူး 

သုတ ရသ ဟာသ အားလုံးပဲ 

တစ်ခါတစ်ခါ နိုင်ငံရေးတွေတောင်ပါသေးတယ် 


ဆော့နေတာ ခလေးလေးလိုပဲ







ဘာမှမဟုတ်ဘူး

 သူများလှတာမနာလိုနေတာ

နဂါးမျက်စောင်းကိုများ

ပိုင်ဆိုင်ထားလေရော့သလား

အကြည့်နဲ့တင် ပြာကျနိုင်တယ်




အိနြေ္ဒရှင်ကြီးလို ပို့စ်ပေးတတ်တယ်

တကယ်က ငပေါမလေးရယ်

တစ်ခါတစ်ခါဆို ရူးပေါပေါနဲ့ ခလေးလေးလိုလုပ်တတ်တယ်


ပုံရိုက်တိုင်း နောက်က အမြဲပါတယ်

ရိုက်လိုက်တဲ့ပုံမှာ သူမလှကြည့်ပါလား

ပြန်ရိုက်မယ် ပြန်ရိုက်မယ်ဆိုတာချည်းပဲ

Selfieဆိုလည်း ဘာဆွဲသလဲမမေးနဲ့


ဘယ်နေရာရောက်ရောက် သုံးယောက်တူတူ ပုံရိုက်ဖြစ်တယ်

ဘယ်သွားသွား ဘာလုပ်လုပ် အတူတူ အစားအသောက်ကျတော့ တစ်ယောက်တစ်မျိုးရယ် 

ကိုယ်ကြိုက်တာကိုယ်ပေါ့နော့်


အဲ့ ပုံစံပဲ လုပ်တတ်တယ်ထင်တယ် ဘယ်နေရာရောက်ရောက် အဲ့အတိုင်းပဲရိုက်တယ်

နန်းဆန်တာလိုလို ဘာလိုလို


First Year ကတည်းက

အတူတူပေါင်းခဲ့ကြတဲ့သူငယ်ချင်းသုံးယောက်





လူကသာ ခလေးလိုနဲ့ ပိုစ့်ပေးလိုက်ရင် modelတောင်အရံှုးပေးရလောက်တဲ့သူ


ဘယ်သွားသွားအတူတူပဲ


ဟိုက် ဟိုတစ်ယောက်ဘာှိုက်နေတာ


ရောက်လေရာဆွဲတာပဲ


တွေ့တယ်မလားမလား အစားအသောက်ဆို ပိုးဆိုးပက်စက် ဟိုတစ်ယောက်


အဲ့တာမျောက်မလေး


ဘေးနှစ်ယောက်က လေဆာကြော်ငြာနေတာ

အလယ်တစ်ယောက်က မဟောရတဲ့နတ်ကတော်





သူ့စိတ်ထဲ တိုက်တန်းနစ်ပေါ်ရောက်နေတယ်ထင်နေလားမသိဘူး


စားချင်သမျှ မညည်းမညူချက်ကျွေးတဲ့မရွှေချော


ဟိုက် ဘာစတိုင်လဲ


ကျောင်းခန်းထဲ ဘယ်သူမှ မရှိတုန်း နှစ်ယောက်သား အပြတ်အသတ် showပြနေတာ





ကိုယ့်ရဲ့ အလှမှာ သူတို့ နှစ်မျောမှင်သက်မိလေတယ်ထင်ရဲ့


မရွှေချောနှစ်ယောက်နဲ့အတူတူပဲများနေတာ


Group photoလေး အမှတ်တရရိုက်ခဲ့တယ်


နန်းဆန်နေတာ အမတော်ချော





အဲ့လေးယောက်ဆုံပြီဆိုရင် ပါးစပ်မစိရအောင်ကို ရယ်နေရတာ


Snap shotလေး လန်းတယ်မလား


လေးထပ်ဆောင်ရှေ့မှာတူတူပဲများခဲ့ကြတာ





သူ့ကို performance ပြတာကို

 ကြည့်ပြီးအားရပါးရ ခွီးနေလေရဲ့

(စကားမစပ် သူငယ်ချင်းတွေ ပုံရိုက်တိုင်း

 performanceအမြဲလုပ်ပြရတယ်


အဲ့မှာကြည့် ရှက်ကိုး ရှက်ကန်းနဲ့

လုပ်နေပုံက


ကြာနွယ်ရိုးလေးတွေ

 ဟိုတုန်းကလို မင်းလည်တိုင်လေး ဒန်တန့်ဒန်


ညည်းဘာဖြစ်တယ် ငါဘာဖြစ်တယ်

ရန်တွေ့နေတာလေ သူနိုင်ကိုယ်နိုင်ပဲ


ခလေးကို နှစ်ယောက်ပေါင်းနှိပ်စက်နေကြတာ

 ရေထဲ အတင်းတွင်းချမို့တဲလေ


ကြာပန်းလေးနဲ့ ပဲပေးနေတာ

မရွှေချောနှစ်ယောက်နောက်ကပြောင်နေတယ်


Come on ! Baby

 မင်းတို့လက်တွေ လေတွေထဲကို မြှောက်ထားလိုက်

 shake shake


ပြောင်ချော်ချော်နဲ ဒါ ဘာပို့စ်လဲ


မှတ်မိသေးလား သူငယ်ချင်းတို့

အဲ့ပုံရိုက်တုန်းက အကောင်းစား selfie stick လေးကို


ပြောင်နိုင်သူလေးတွေ



































ပုဂံ ညနေဆည်းဆာနေဝင်ချိန်ကြည့်ရင်း


ကျောင်းတော်ကြီးရောက်တုန်းက





ဆိုင်ကယ်စီးရင် selfie ဆွဲရတာလဲ feeling တစ်မျိုးပဲ


သူဆွဲကိုယ်ဆွဲပဲလေ





ဒီလိုဆိုတော့ ကိုယ်နန်းဆန်သွားသလား


ရိုက်တိုင်းငေးတယ် ဘာတွေ ငေးလို့ငေးမှန်းမသိ







Selfie ဆွဲရင် အပြေးကို ပါလိုက်ရမှ








ရေတွေမြင်ရင်မဆော့ပဲ မနေနိုင်တာ


ဟဲ့ ပလုပ်တုပ် အာ့တာဘာရှာနေတာပါလိမ့်


စာကျက်ရင်း အိပ်ငိုက်တတ်တဲ့ ကျွနု်ပ်


အလန်းစား အမိုက်စား designနဲ့ Fashion


တစ်ယောက်တည်းလည်း ဆွဲတာပဲ


ခေါင်းချင်းဆိုင်ပြီး ဘာတွေ ဆွေးနွေးနေပါလိမ့်


တစ်ခါတစ်လေတော့လည်း မျောက်ကလေးလို


ဧရာ မြစ်ကြီး အလည်မှာ နှစ်ယောက်သား အလွင့်ပဲ


ရုပ်တည်ရင်လည်းနှစ်ယောက်မရှိသလို

ပြောင်ရင်လည်း လိုက်မမှီတဲ့နှစ်ယောက်





ဧရာဝတီလည်း အလွမ်းတွေနဲ့ ငိုနေရှာရဲ့


တမာတန်းလေးလည်း ခြောက်ကပ်လို့ တိတ်ဆိတ်နေတယ်




































ုပြန်မရနိုင်မှန်းသိပေမယ့်

ပျော်ရွှင်စရာတွေ အလွမ်းတွေအဆွေးတွေနဲ့ 

အချိန်လေးကို ပြန်လိုချင်မိတာတော့အမှန်ပါပဲ

သူငယ်ချင်းတို့ရယ်

 တစ်နှစ်တာ ကာလပြီးဆုံးလို့

 နောက်တစ်နှစ်ပြန်ဆုံခဲ့ရင်

  အရင်တွေ့တဲ့သူက နှုတ်ဆက်ကြေးနော်

သူငယ်ချင်းအားလုံးကို လွမ်းတယ်

သတိလည်းရတယ် 

မင်းတို့လည်း သတိမှ ရပါ့မလား

ငါကတော့ အမြဲသတိရနေမှာပါ

သူငယ်ချင်းအားလုံးစာမေးပွဲအောင်မြင်ကြပါစေ

                 အလွမ်းတွေနဲ့ 

မင်းတို့ရဲ့သူငယ်ချင်း 

ဦးသူသူ








No comments:

Post a Comment