Sunday, November 12, 2017

မိတ်ကပ်အကြောင်း မသိသေးသူများအတွက် BB Cream



မိတ်ကပ်အကြောင်း မသိသေးသူများအတွက် BB Cream



   



မိတ်ကပ်ကို ခုမှစပြီးသုံးစွဲမယ်၊ ခုမှစပြီး ကိုယ်ကိုယ်တိုင်လိမ်းခြယ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ လိမ်းခြယ်ဖို့က အရေးကြီးဆုံးပဲလေ။ အဲလိုဖြစ်နေဖို့ ဘယ်လိုမိတ်ကပ်မျိုးကို ရွေးချယ်သင့်သလဲဆိုတာကိုပြောပြပေး မယ်နော်။ BB Cream ဟာ မိတ်ကပ်အထူကြီးမကြိုက်တဲ့ မိန်းကလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ သဘာဝကျကျ လှပလိုတဲ့ မိန်းကလေးတွေအတွက် အလွန်သင့်တော်ပါတယ်။ အသားအရေထိန်းသိမ်းပေးတဲ့ အစွမ်းတွေလည်း ပါဝင်လို့ အဆင့်ဆင့် လိမ်းခြယ်နေစရာမလိုဘဲ အချိန်ကုန်လည်း သက်သာစေပါတယ်။ သို့ပေမယ့် ကိုယ်နဲ့ကိုက်ညီတဲ့ တံဆိပ်မျိုးကို ရွေးချယ်ဖို့ကတော့ မသိသေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် BB Cream ရွေးချယ်ရာမှာ သိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

BB Cream အကြောင်း အရင်လေ့လာပါ။



BB Cream ဟာ Blemish Balm cream ရဲ့ အတိုကောက်ဖြစ်ပြီး အသားအရေအတွက် လုပ်ဆောင်ချက်အမျိုးမျိုး ကို ပေးစွမ်းနိုင်ပါတယ်။ များသောအားဖြင့် BB Cream အများစုဟာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးခြင်း နဲ့ အသားအရောင်ကို ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။ အချို့သော အရည်အသွေးမြင့်တဲ့ အမျိုးအစားတွေမှာ ဆိုရင် နေရောင်ခြည်ဒဏ်က ကာကွယ်ပေးခြင်း၊ မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေပါ ပါဝင်တတ်ပါတယ်။ ပြီးတဲ့အခါ ကိုယ်ရွေးချယ်မယ့် တံဆိပ်ရဲ့ ဂုဏ်သတင်း၊ အကျိုးကျေးဇူးတွေ ကိုလည်း လေ့လာသင့်ပါတယ်။

ကိုယ်နဲ့လိုက်ဖက်မယ့် အရောင်ကိုရွေးပါ။



Foundation ၀ယ်ယူသလိုပဲ BB Cream ၀ယ်ယူတဲ့အခါမှာလည်း ကိုယ့်ရဲ့အသားအရောင်နဲ့ လိုက်မလိုက်၊ စမ်းသပ် ကြည့်သင့်ပါတယ်။ စမ်းတဲ့အခါ ပါးရိုးနားမှာ စမ်းတာအကောင်းဆုံးပါပဲ။ ဒါပေမယ့် သွားလာနေတဲ့ အချိန်မှာ မျက်နှာမှာစမ်းဖို့ က အဆင်မပြေနိုင်တာမို့ မျက်နှာအသားအရေနဲ့ အနီးစပ်ဆုံး တူတဲ့ လက်ကောက်ဝတ်မှာ စမ်းကြည့်သင့်ပါတယ်။ လက်ကောက်ဝတ်မှာက သွေးကြောလေးတွေနဲ့ နီးကပ်နေတဲ့အတွက်ကြောင့် ကိုယ့်အသားအရေ နဲ့ တည့်မတည့်လည်း သိနိုင်ပါတယ်နော်။ အများအားဖြင့် BB Cream တွေဟာ အရောင်အနည်းငယ်သာ လာလေ့ရှိပါတယ်။ အရောင်တစ်မျိုးဟာ အသားအရောင်အမျိုးအစား တော်တော်များများအတွက် အသုံးပြုနိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။

လှလှပပ စတိုင်ကျကျ ခရီးထွက်နိုင်ဖို့ မပါမဖြစ် ဆောင်သွားသင့်တဲ့ ပစ္စည်း(၅)မျိုး

အမျိုးအစားတစ်ခုနဲ့တစ်ခု ယှဉ်ကြည့်ပါ။



တကယ်တမ်း ၀ယ်ယူတော့မယ့်အခါ ဈေးကွက်ထဲမှာ ရွေးချယ်စရာတွေ အလွန်များပြားတဲ့အတွက် ဘာကိုရွေးလို့ ရွေးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အမျိုးအစားတစ်ခုနဲ့တစ်ခုရဲ့ အားသာချက်တွေကို ယှဉ်ကြည့်ပြီး ကိုယ့်အသားအရေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ဝယ်ဖို့ ဆုံးဖြတ်ပါနော်။

ဘယ်လိုပစ္စည်းတွေ ပါဝင်သလည်းဆိုတာ လေ့လာပါ။



အလှကုန်ပစ္စည်းဆိုတာဟာ မျက်နှာပေါ် တင်ရတာဖြစ်တဲ့အတွက် ဘယ်လိုပစ္စည်းတွေနဲ့ ဖော်စပ်ထားလည်း၊ ဘယ်လိုနည်းပညာတွေ သုံးထားလည်း၊ ဘယ်လောက်အစွမ်းထက်လည်းဆိုတာ သိရှိထားမှသာ မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်နိုင်ပါလိမ့်မယ်။

ဒီအချက်တွေ အားလုံးသိပြီးလို့ BB Creamကို ရွေးချယ်တော့မယ်ဆိုရင်တော့ အာရှ အသားအရေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာမျိုးကိုရွေးချယ်သင့်ပါတယ်။ လက်ရှိမှာ လူသုံးများနေတာကတော့ SPF 30 PA++ ပါဝင်တဲ့ Pond’s BB Cream ပဲ ဖြစ်ပါတယ်။ အမည်းစက်တွေ မျက်ကွင်းညိုတာတွေနဲ့  အသားအရောင်မညီညာတာတွေကို ချက်ချင်းဖုံးကွယ်ပေးပြီး အသားအရေ အတွင်းပိုင်းထိ ဖြူဖွေးလင်းလက်စေလို့ ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခု ဖြစ်ပါ တယ်။ ဒါ့အပြင် ထိခိုက်လွယ်အသားအရေပိုင်ရှင်များ အပါအ၀င် အသားအရေ အမျိုးအစားအားလုံးအတွက် သင့်လျော်လို့ ကိုယ်နဲ့မတည့်မှာလည်း စိတ်ပူနေစရာ မလိုတော့ပါဘူး။ အသားဖြူသူတွေက Light ကို ရွေးချယ်နိုင်ပြီး ညိုသူတွေကတော့ Beige ကို ရွေးချယ်နိုင်ပါတယ်။ ပေါ့ပါးတဲ့ မိတ်ကပ်သားနဲ့ ညီညာချောမွေ့တဲ့ အသားအရေကို ရရှိနိုင်မှာဖြစ်လို့ အလှအပအတွက် စိတ်ပူနေရတဲ့ မိန်းကလေးတွေ ရင်အေးနိုင်ပါလိမ့်မယ်။



ပျိုမေတို့အားလုံးပဲ ပန်းကလေးများလို ဝေဆာပွင့်လန်း လှပနိုင်ကြပါစေနော်။

Credit: Aunty May

No comments:

Post a Comment