တချို့လူတွေအကြောင်း ပိုသိလာတဲ့အခါ
မအံ့သြပါနဲ့
တချို့လူတွေက သင့်အားနည်းချက်တွေကို တိုက်ခိုက်လာတဲ့အခါ
မအံ့သြပါနဲ့
တချို့လူတွေက သင့်အားသာချက်တွေကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့အခါ
မအံ့သြပါနဲ့
အရင်ကမပြောင်းလဲ အခုမှ ပြောင်းလဲတတ်တဲ့လူတွေနဲ့တွေ့ရင်မအံ့သြပါနဲ့
" မထင်ရဘူးနော် ....
တော်တော်အံ့သြဖို့ကောင်းတာပဲ "ဆိုတဲ့စကားကို သိပ်မသုံးပါနဲ့
ဒီထက်အံ့သြစရာကောင်းတဲ့
ပြောင်းလဲခြင်းတွေ
အများကြီးရှိပါသေးတယ်
ဒါကြောင့်
ပြုံးပြုံးလေးသာ နေထိုင်ပါ
ရှေးလူကြီးတွေကပြောခဲ့ကြတယ်
ဘယ်သူတရားပျက်ပျက် မပျက်ပျက် ကိုယ်မပျက်ပါစေနဲ့ တဲ့ ။
ဘယ်သူတွေ ဘယ်လိုပဲ
စိတ်ထားတွေ စိတ်ဓါတ်တွေ
ပြောင်းပြောင်းမပြောင်းပြောင်း
ကိုယ့်စိတ်ထဲက
စစ်မှန်ခြင်းနဲ့ယုံကြည်ချက်ကို မပျက်စီးစေပဲ မပြောင်းလဲအောင်နေပါ မိတ်ဆွေ ။
Credit: သက်တန့်ချို
ပြန်လည်မျှဝေသည်……
♥♥အသိပညာ အတတ်ပညာ
မျှဝေခြင်းသည်
ပညာဒါနပင်ဖြစ်သည် ♥♥
★နှလုံးသားဗိုင်းရပ်★
♥ ကိုသူလေး♥

No comments:
Post a Comment